အသင်းဝင်ခြင်း

ဤအသင်းတွင် အသင်းဝင်အရည်အချင်းများကို အောက်ပါအတိုင်း သတ်မှတ်ပါသည်။

မြန်မာနိုင်ငံအတွင်းရှိ ဒီဂျစ်တယ်ပုံနှိပ်လုပ်ငန်းရှင်၊ဆိုင်းဘုတ်လုပ်ငန်းရှင်တို့၏ ကုမ္ပဏီအနေဖြင့်ဖြစ်စေ၊အဖွဲ့အစည်းအနေဖြင့်ဖြစ်စေ လုပ်ငန်းလုပ်ကိုင်နေသော ကုမ္ပဏီ(သို့)အဖွဲ့အစည်းသည် ကိုယ်စားပြုသူတို့အနေဖြင့်ပါဝင်ခွင့်ရှိသည်။

  • (ဒီဂျစ်တယ်ပုံနှိပ်စက် - Large Format Printing )နှင့်ဆက်စပ်ပစ္စည်းများ ဖြန့်ချီရေးလုပ်ငန်းရှင်များနှင့် ထုတ်လုပ်ရေးလုပ်ငန်းရှင်များ)၊
  • (Sinage/ကမ္ဗည်းဆိုင်းဘုတ်ပြုလုပ်သော စက်အမျိုးမျိုးနှင့် ဆက်စပ်ပစ္စည်းများ ဖြန့်ချီရေးလုပ်ငန်းရှင်များနှငိ့ ထုတ်လုပ်ရေးလုပ်ငန်းရှင်များ)သော့ချိတ်၊ရင်ထိုး၊ဆုတံဆိပ်၊ကမ္ပည်းအမျိုးမျိုး၊ပစ္စည်းမျိုးစုံပေါ်တွင် Promotion Gift Item များအဖြစ် ရိုက်နှိပ်ထုတ်လုပ်သော စက်အမျိုးမျိုးဖြန့်ချီရေးနှင့် ထုတ်လုပ်ရေးလုပ်ငန်းရှင်များ)၊ (စတေကာ၊ပိုးဇာဘောင်၊အပူဖိနည်းစနစ်သုံး ကမ္ပည်းဆိုင်းဘုတ်ရိုက်နှိပ် ထုတ်လုပ်သော စက်အမျိုးမျိုးဖြန့်ချီရေးနှင့် ထုတ်လုပ်ရေးလုပ်ငန်းရျင်များ)(Neon, LED လျှပ်စစ်အမျိုးမျိုးတို့ဖြင့် မီးအလှဆင်စက်များနှင့် ပစ္စည်းများဖြန့်ချီရေးနှင့် ထုတ်လုပ်ရေးလုပ်ငန်းရှင်များ)၊
  • (LED, SMDနည်းပညာဖြင့် Movie, Display စက်များနှင့်ပစ္စည်းများ ဖြန့်ချီရေးနှင့် ထုတ်လုပ်ရေးလုပ်ငန်းရှင်များ) Mini Pole, Uni Pole, Bill Board Light Box, Bus stand စသည်လုပ်ငန်းများ ပစ္စည်းဖြန့်ချီရေးနှင့် ထုတ်လုပ်တပ်ဆင်ရေး လုပ်ငန်းရှင်များ)၊
  • (တိုက်နံရံများ၊နံရံအမျိုးမျိုးနှင့်ကားအမျိုးမျိုးတို့ပေါ်တွင် ပန်းချီရေးခြင်း၊ ဗွီနိုင်း/စတေကာ/ပိတ်တို့ဖြင့် ဆေးရေး/ဆေးရိုက်များဖြင့် ကပ်ခြင်း၊
  • ချိတ်ခြင်း လုပ်ငန်းများ၊ ပစ္စည်းဖြန့်ချီရေးနှင့် ထုတ်လုပ်တပ်ဆင်ရေးလုပ်ငန်းရှင်များ)

အချုပ်အားဖြင့်ဆိုသော် စက်အမျိုးမျိုး၊နည်းပညာအမျိုးမျိုးတို့ဖြင့် အစုံပေါ်တွင် ကြော်ငြာ ကမ္ပည်းဆိုင်းဘုတ်၊ ထုတ်လုပ်/ တပ်ဆင်ဖြန့်ချီဌားရမ်း လုပ်ငန်းရှင်များအားလုံး ပါဝင်နိုင်သည်။

"တစ်ဦးချင်း" အသင်းဝင်လျှောက်လွှာတင်သွင်းရန်စည်းကမ်း

အသင်းတွင်ပါဝင်လိုသူ မြန်မာနိုင်ငံသားတိုင်းသည် အသင်းပြဌာန်းထားသော လျှောက်လွှာပုံစံတွင် အသင်းအဖွဲ့စည်းမျဉ်းများ လိုက်နာမည်ဖြစ်ကြောင်း ဝန်ခံလက်မှတ်ရေးထိုး၍ လျှောက်ထားရမည်။ အသင်းဝင်အဖြစ် လျှောက်ထားရာတွင် အသင်းသားတစ်ဦးမှ အဆိုတင်သွင်းစေလျက် အခြားအသင်းသားတစ်ဦးမှ ထောက်ခံစေရမည်။ အမှုဆောင်အဖွဲ့က အသင်းသားအဖြစ် လက်ခံသင့်/မသင့်ကို စုံစမ်းစီစစ်ပြီး ဆုံးဖြတ်ရမည်။၎င်းအဆုံးအဖြတ်သည် အပြီးသတ် ဆုံးဖြတ်ချက်ဖြစ်စေရမည်။

အဖွဲ့အစည်း အသင်းလွှာ/တင်သွင်းရန်စည်းကမ်း

အသင်းအဖွဲ့စည်းမျဉ်း အပိုဒ်(၈)အရ အသင်းဝင်လိုသူများသည် မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဒီဂျစ်တယ်ပုံနှိပ်လုပ်ငန်းရှင်များနှင့် ဆိုင်းဘုတ်လုပ်ငန်းရှင်များသည် နောင်တစ်ချိန်တွင် အသင်းများဖွဲ့စည်းပေါ်ပေါက်လာလျှင် ယင်းအသင်းအဖွဲ့များတွင် ပါဝင်သည့် အသင်းဝင် လုပ်ငန်းရှင်များသည် တစ်ဦးချင်းအနေဖြင့်လည်း‌ကောင်း၊

ယင်းအသင်းအဖွဲ့တစ်ဖွဲ့လုံးအနေဖြင့်လည်းကောင်း၊မြန်မာနိုင်ငံ ဒီဂျစ်တယ်ပုံနှိပ်လုပ်ငန်းရှင်များနှင့် ဆိုင်းဘုတ်လုပ်ငန်းရှင်များအသင်းတွင် ဝင်ရောက်ပြီးအသင်းဝင်များနှင့် လုပ်ငန်းများ နီးကပ်စွာ ဆက်သွယ်လုပ်ကိုင်နိုင်ရေးအတွက် MDPSEA အသင်းသို့ တစ်ဦးချင်း ဝင်ရောက်လျှောက်ထားလိုပါက၊ MDPSEA အသင်းက ပြဌာန်းထားသော လျှောက်လွှာပုံစံတွင် ဖြည့်စွက်၍ သီးခြားလျှောက်ထားနိုင်ပါသည်။

ယင်းသို့ လျှောက်ထားသူများသည် မိမိတို့ပါဝင်ခဲ့ပြီးသော ပြည်နယ်နှင့်တိုင်းဒေသကြီးတို့၏ ဒီဂျစ်တယ်ပုံနှိပ်လုပ်ငန်းရှင်များနှင့် ဆိုင်းဘုတ်လုပ်ငန်းရှင်များအသင်းမှ ရရှိထားပြီးသော အသင်းဝင်ကဒ်ပြားနှင့် နှစ်စဉ်ကြေးပေးသွင်းထားသော ငွေလက်ခံဖြတ်ပိုင်းတို့ကို တင်ပြလျှောက်ထားနိုင်သည်။

အဖွဲ့အစည်း၏ ကိုယ်စားလှယ်အဖြစ် အသင်းဝင်နိုင်ပါသည်။MDPSEA အသင်းသို့ တစ်ဦးချင်း အသင်းဝင်လိုသူများလည်း တစ်ဦးချင်းလျှောက်ထားနိုင်ပါသည်။

အသင်းဝင်များ၏အခွင့်အရေး/အကျိုးခံစားခွင့်များ
  • ကြော်ငြာလုပ်ငန်း စွမ်းဆောင်ရည်တိုးတက်မြင့်မားလာစေရန် ပြည်တွင်း/ပြည်ပကျွမ်းကျင်သူများအား အခါအားလျှော်စွာ ဖိတ်ခေါ်၍ အထောက်အကူပြု နည်းပညာရပ်များဆိုင်ရာ နှီးနှောဖလှယ်ပွဲများ၊ ညှိနှိုင်းပွဲများနှင့် သင်တန်းများ ဖွင့်လှစ်ရာတွင် တက်ရောက်သင်ကြားခွင့်ရှိသည်။
  • ဒေသအလိုက် အခါအားလျော်စွာ ပြည်တွင်းပြည်ပ ကုန်ပစ္စည်းစျေးကွက် အခြေအနေ၊ စျေးနှုန်းသတင်းများ၊ကူးသန်းရောင်းဝယ်ရေးသတင်းများ၊ ကြော်ငြာလုပ်ငန်း နည်းပညာစနစ်များစသည့် ဗဟုသုတများ သိခွင့်ရကြမည်။
  • အသင်းသားများ၏ လုပ်ငန်းကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးပွဲများလုပ်ရန်အတွက် ဗဟိုအလုပ်မှုဆောင်အဖွဲ့၏ ခွင့်ပြုချက်ဖြင့် အသင်းခန်းမကို အသုံးပြုခွင့်ရှိသည်။
  • လိုအပ်ပါက အလုပ်အမှုဆောင်ကော်မတီက ဖွဲ့စည်းသော လုပ်ငန်းအဖွဲ့ငယ်များတွင်လည်းကောင်း၊ အသင်းသားရေးရာကော်မတီများတွင်လည်းကောင်း ပါဝင်ဆောင်ရွက်ခွင့်ရှိသည်။
  • ဂုဏ်ထူးဆောင်အသင်းသားသည် အသင်း၏နှစ်ပတ်လည်အစည်းအဝေးပွဲတွင် တက်ရောက်ဆွေးနွေးခွင့်ရှိသည်။သို့သော် မဲပေးနိုင်ခွင့်မရှိ။
  • ထို့အတူ ဗဟိုအလုပ်အမှု‌ဆောင် အစည်းအဝေးများသို့လည်း ဉက္ကဌ၏ ဖိတ်ကြားချက်အရ တက်ရောက်ဆွေးနွေးပိုင်ခွင့်ရှိသည်။
  • အသင်းဝင်များသည် နှစ်စဉ်ကြေးကို သတ်မှတ်ချက်ကာလအတွင်း ပေးဆောင်ရမည်။
  • အသင်းမှ သတ်မှတ်ထားသော စည်းမျဉ်း၊ စည်းကမ်းကို လိုက်နာရမည်။
  • အသင်းက အခါအားလျော်စွာပေးအပ်သော တာဝန်များကို ထမ်းဆောင်ရမည်။
  • အသင်းသားများ စည်းလုံးညီညွတ်မှုပြိုကွဲသည့် ဆောင်ရွက်ချက်များ မပြုလုပ်ရ။
  • အသင်းဝင်များသည် အခြားအသင်းဝင်များ၊လူပုဂ္ဂိုလ်နှင့် ၎င်းတို့၏ လုပ်ငန်းကိုသော်လည်းကောင်း၊ အသင်း၏လုပ်ငန်းကိုသော်လည်းကောင်း၊ ထိခိုက်စေမည့် ပြောဆိုပြုမူခြင်းရှောင်ရမည်။
  • ၎င်းအပြင် ထိခိုက်နစ်နာစေသော ရည်ရွယ်ချက်ဖြင့် အပြုအမူ၊ဝေဖန်ပြောဆိုခြင်းတို့ကို ရှောင်ရှားရမည်။

Contact Us

No-83,Byaing Yay Oe Zin St,Tamwe Township, Yangon, Myanmar

Follow Us On:

© 2024 Myanmar Digital Printing & Signage Entrepreneurs Association. All Rights Reserved. Web Design by NetScriper.