ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်းရှိဒစ်ဂျစ်တယ်ပုံနှိပ်လုပ်ငန်းရှင်များနှင့်ဆိုင်းဘုတ်လုပ်ငန်းရှင်များ အချင်းချင်းရင်းနှီးစွာပေါင်းသင်းဆက်ဆံရန်၊ ရိုင်းပင်းကူညီရန်နှင့် အတူတကွ ညှိနှိုင်းလုပ်ကိုင်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ မြန်မာနိုင်ငံဒစ်ဂျစ်တယ်ပုံနှိပ် နှင့် ဆိုင်းဘုတ်လုပ်ငန်းရှင်များအသင်းတည်ထောင်နိုင်ရန်အတွက် ၂၀၁၆ ခုနှစ်မှစတင်၍ ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။
၂၀၁၉ ခုနှစ်၊ မေလ ၁၂ ရက်နေ့ အသင်း၏ သင်းဖွဲ့မှတ်တမ်း၊ သင်းဖွဲ့စည်းမျဉ်းကို အတည်ပြုခြင်း၊ အလုပ်အမှုဆောင်စာရင်းကို အတည်ပြုခြင်း၊ ဗဟိုအလုပ်အမှုဆောင်ရွေးချယ်ပွဲပြုလုပ်ခြင်းများ ပြုလုပ်ခဲ့ပြီး ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့တွင် တရားဝင် ဖွဲ့စည်းမှတ်ပုံတင်ခွင့် ရရှိခဲ့ပြီး ယခုအခါ အသင်းသားဦးရေ ၁၂၀ ခန့်ရှိလာပြီ ဖြစ်ပါသည်။
၂၀၁၉ ခုနှစ်တွင်အသင်း၏ ရုံးခန်းနေရာကို Yangon Innovation Center ၌ ငှားရမ်းဖွင့်လှစ်ထားခဲ့ပြီး ၂၀၂၀၊ ၂၀၂၁ ခုနှစ်တွင် ဖြစ်ပွားခဲ့သော Covid-19 ရောဂါအခြေအနေများကြောင့် အသင်း၏ လှုပ်ရှားဆောင်ရွက် မှုများ ခေတ္တရပ်နားခဲ့ရပါသည်။ ထို့ကြောင့် အသုံးစရိတ်ချွေတာသောအားဖြင့် Yangon Innovation Center ၌ ဖွင့်လှစ်ထားသော အသင်း၏ရုံးခန်းကို ပြန်လည်အပ်နှံခဲ့ပြီး အသင်းအစည်းအဝေးများကို အလုပ်အမှုဆောင်များ ၏ ရုံးနေရာများနှင့် စားသောက်ဆိုင်များတွင် ပြုလုပ်ခဲ့ပါသည်။
Read More Read Lessအစီရင်ခံသည်ကာလအတွင်း အသင်းမှကြီးမှူး၍ ဟောပြောပွဲများ၊ ပြပွဲများကျင်းပနိုင်ခဲ့ပြီး ထိုင်းနိုင်ငံ နှင့် တရုတ်နိုင်ငံတို့၌ ကျင်းပသော ပြပွဲများသို့လည်း လေ့လာရေးခရီးစေလွှတ်ပေးခဲ့ပါသည်။ ဆက်လက်၍ လည်း ရှေ့လုပ်ငန်းစဉ်များချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အသင်းအနေ ဖြင့် အသင်းဝင်များအတွက် မားမားမတ်မတ်ရပ်တည်ပြီး၊ ဒစ်ဂျစ်တယ်ပုံနှိပ်နှင့် ဆိုင်းဘုတ်လုပ်ငန်းများပိုမို ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။
မိမိတို့ မြန်မာနိုင်ငံ ဒစ်ဂျစ်တယ် ပုံနှိပ်နှင့် ဆိုင်းဘုတ်လုပ်ငန်းရှင်များအသင်း၏ ရည်ရွယ်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များ အစဉ်ရှင်သန်စေရန်အတွက် အသင်းဝင်များ၊ အလုပ်အမှုဆောင်များ၊ ဗဟိုအလုပ်အမှုဆောင် များ၊ စီမံခန့်ခွဲရေးအဖွဲ့ဝင်များမှ တက်ညီလက်ညီ ညှိနှိုင်းတိုင်ပင်၍ လက်ဆင့်ကမ်းတာဝန်များ အလှည့်ကျ ဆောင်ရွက်ကြပြီး အသင်းကြီးပိုမိုတိုးတက်အောင်မြင်ပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်းရှိ ဒစ်ဂျစ်တယ်ပုံနှိပ် လုပ်ငန်းရှင်များနှင့် ဆိုင်းဘုတ် လုပ်ငန်းရှင်များအသင်းတို့နှင့် ဆက်နွယ်လျက်ရှိသော လုပ်ငန်းရှင်များအချင်းချင်း .. မိသားစု စိတ်ဓါတ်ဖြင့် ရင်းနှီးစွာပေါင်းသင်းဆက်ဆံရန်၊ ရိုင်းပင်းကူညီရန်နှင့် အတူတကွ ညှိနှိုင်း လုပ်ကိုင် ဆောင်ရွက်ရန်။
ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း၌ မည်သည့်နေရာတွင်မဆို အသင်းအဖွဲ့စည်းမျဉ်းနှင့် အညီဖွဲ့စည်းထားသော ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် အသင်းများဖွင့်လှစ်သည့်အခါ ကူညီဆောင်ရွက်ပေးရန်နှင့် အတူတကွ ညှိနှိုင်းဆောင်ရွက်နိုင်ရန်။
ဒစ်ဂျစ်တယ်ပုံနှိပ်လုပ်ငန်းနှင့်ဆိုင်းဘုတ်လုပ်ငန်းများ ယင်းတို့နှင့်စပ်နွယ်လျက်ရှိသော လုပ်ငန်း များ၏ကုန်ထုတ်စွမ်းအားများနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မြင့်မားလာရေးကို ရှေ့ရှုဆောင်ရွက်ရန်။
အသင်းဝင်အချင်းချင်း လုပ်ငန်းကိစ္စအငြင်းပွားမှုများကို ကူညီညှိနှိုင်းဖြေရှင်းပေးရန်။
အထက်ပါရည်ရွယ်ချက်အားလုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းနှင့်ဖြစ်စေ ဆက်စပ်လျှက်ရှိသည့် (သို့မဟုတ်) ယင်းတို့ကို အထောက်အပံ့ဖြစ်စေပြီး အသင်း၏ တိုးတက်ရာတိုးတက်ကြောင်း ဖြစ်စေသော အခြားကိစ္စအားလုံးကို အလုပ်အမှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်အရ ဆောင်ရွက်ရန်။
မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်ပုံနှိပ်နှင့် ဆိုင်းဘုတ်လုပ်ငန်းရှင်များအသင်းအနေဖြင့် ဒစ်ဂျစ်တယ်ပုံနှိပ်နှင့် ဆိုင်းဘုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ချက်ဖြင့် အောက်ဖော်ပြပါလုပ်ငန်းစဉ်များကို ရှေ့လုပ်ငန်းစဉ်များချမှတ်၍ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။
အသင်းသားများ အကျိုးရှိစေမည့် လုပ်ငန်းဆောင်တာအစီအစဉ်များ (နည်းပညာသစ်ဖြန့်ဖြူးရေး၊ ပြည်ပ ခရီးစဉ်ရေးဆွဲရေး၊ ပြည်တွင်းစက်ရုံများလေ့လာရေးခရီးစဉ်များ အစရှိသဖြင့်)ကိုအမြန်အကောင် အထည်ဖော် ဆောင်ရွက်ရန်။
နည်းပညာပို့ချမှုများအတွက် အထက်မြန်မာပြည်တွင် (တစ်ကြိမ်)၊ အောက်မြန်မာပြည်တွင် (တစ်ကြိမ်) ပြုလုပ်ပြီး ဗဟိုအလုပ်အမှုဆောင်များ အလှည့်ကျပါဝင်ဆောင်ရွက်ရန်။
အသင်းသားများအချင်းချင်း ပညာပေးနှီးနောဖလှယ်ပွဲများ၊ ဆွေးနွေးပွဲများကို အခါအားလျော်စွာ ကျင်းပပေးရန်။
တတ်သိနားလည်သည့် ကျွမ်းကျင်ပညာရှင်းများကို ဖိတ်ကြား၍ သင်တန်းများစိစဉ်ခြင်း၊ လုပ်ငန်းနှင့် ပတ်သက်သော ခေတ်မီပညာရပ်များ ပြန့်ပွားရေးကို ဆောင်ရွက်ပေးရန်။
ကျင်းပသည့်နေ့ - ၁၀.၆.၂၀၂၃(စနေနေ့)
ကျင်းပချိန် - နံနက် (၈:၃၀) မှ (၁၁:၃၀) ထိ
ကျင်းပသည့်နေရာ - CHATRIUM Hotel (Ballroom -2) Royal Lake Yangon
မြန်မာနိုင်ငံ ဒစ်ဂျစ်တယ် ပုံနှိပ်နှင့် ဆိုင်းဘုတ်လုပ်ငန်းရှင်များအသင်း၏ ဗဟိုအလုပ်အမှုဆောင်၊ အလုပ် အမှုဆောင်အစည်းအဝေးကို အခါအားေလျာ်စွာကျင်းပခဲ့ပါသည်။ ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ဗဟို အလုပ်အမှုဆောင်အစည်းအဝေး ၁၇ ကြိမ်နှင့် အလုပ်အမှုဆောင်အစည်းအဝေး ၃ ကြိမ် ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။
စဉ် | ရက်စွဲ | ကျင်းပသည့်နေရာ | တက်ရောက်သူများ |
---|---|---|---|
၁ | ၂.၂.၂၀၂၀ | Foodfare Cafe | ဗဟိုအလုပ်အမှုဆောင်များ |
၂ | ၂၅.၂.၂၀၂၀ | Foodfare Cafe | ဗဟိုအလုပ်အမှုဆောင်များ |
၃ | ၂၈.၂.၂၀၂၀ | "Seed Star" Yangon Innovation Center | ဗဟိုအလုပ်အမှုဆောင်များ |
၄ | ၃.၃.၂၀၂၀ | "Seed Star" Yangon Innovation Center | ဗဟိုအလုပ်အမှုဆောင်များ |
၅ | ၂၇.၁၁.၂၀၂၂ | အိမ်ဝိုင်းကြီးစားသောက်ဆိုင် | ဗဟိုအလုပ်အမှုဆောင်များ |
၆ | ၂၄.၂၀၂၂ | အိမ်ဝိုင်းကြီးစားသောက်ဆိုင် | ဗဟိုအလုပ်အမှုဆောင်များ |
၇ | ၇.၁.၂၀၂၃ | အိမ်ဝိုင်းကြီးစားသောက်ဆိုင် | ဗဟိုအလုပ်အမှုဆောင်များ |
၈ | ၄.၃.၂၀၂၃ | အိမ်ဝိုင်းကြီးစားသောက်ဆိုင် | ဗဟိုအလုပ်အမှုဆောင်များ |
၉ | ၁၉.၃.၂၀၂၃ | Virtual Meeting | ဗဟိုအလုပ်အမှုဆောင်များ နှင့် အလုပ်အမှုဆောင်များ |
၁၀ | ၈.၄.၂၀၂၃ | အိမ်ဝိုင်းကြီးစားသောက်ဆိုင် | ဗဟိုအလုပ်အမှုဆောင်များ |
၁၁ | ၁၄.၅.၂၀၂၃ | သုံးပန်လှ လက်ဖက်ရည်ဆိုင် | ဗဟိုအလုပ်အမှုဆောင်များ |
၁၂ | ၅.၈.၂၀၂၃ | Royal Garden Resturant | ဗဟိုအလုပ်အမှုဆောင်များ |
၁၃ | ၁၉.၈.၂၀၂၃ | Royal Garden Resturant | ဗဟိုအလုပ်အမှုဆောင်များ |
၁၄ | ၉.၉.၂၀၂၃ | Virtual Meeting | ဗဟိုအလုပ်အမှုဆောင်များ နှင့် အလုပ်အမှုဆောင်များ |
၁၅ | ၁၄.၁၀.၂၀၂၃ | Virtual Meeting | ဗဟိုအလုပ်အမှုဆောင်များ နှင့် အလုပ်အမှုဆောင်များ |
၁၆ | ၄.၁၁.၂၀၂၃ | Virtual Meeting | ဗဟိုအလုပ်အမှုဆောင်များ နှင့် အလုပ်အမှုဆောင်များ |
၁၇ | ၂.၁၂.၂၀၂၃ | Virtual Meeting | ဗဟိုအလုပ်အမှုဆောင်များ နှင့် အလုပ်အမှုဆောင်များ |
စဉ် | ရက်စွဲ | ကျင်းပသည့်နေရာ | တက်ရောက်သူများ |
---|---|---|---|
၁ | ၁၂.၅.၂၀၁၉ | Royal Mandalay Resturant | အလုပ်အမှုဆောင်များ |
၂ | ၄.၂.၂၀၂၃ | Royal Mandalay Resturant | အလုပ်အမှုဆောင်များ |
၃ | ၅.၈.၂၀၂၃ | Royal Mandalay Resturant | အလုပ်အမှုဆောင်များ |