ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်းရှိဒစ်ဂျစ်တယ်ပုံနှိပ်လုပ်ငန်းရှင်များနှင့်ဆိုင်းဘုတ်လုပ်ငန်းရှင်များအချင်းချင်းရင်းနှီးစွာပေါင်းသင်းဆက်ဆံရန်ရိုင်းပင်းကူညီရန်နှင့်အတူတကွညှိနှိုင်းလုပ်ကိုင်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍မြန်မာနိုင်ငံဒစ်ဂျစ်တယ်ပုံနှိပ်နှင့်ဆိုင်းဘုတ်လုပ်ငန်းရှင်များအသင်းတည်ထောင်နိုင်ရန် အတွက် ၂၀၁၆ ခုနှစ်မှစတင်၍ ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။
၂၀၁၉ ခုနှစ်၊ မေလ ၁၂ ရက်နေ့ အသင်း၏ သင်းဖွဲ့မှတ်တမ်း၊သင်းဖွဲ့စည်းမျဉ်းကို အတည်ပြုခြင်း၊ အလုပ်အမှုဆောင်စာရင်းကို အတည်ပြုခြင်း၊ဗဟိုအလုပ်အမှုဆောင်ရွေးချယ်ပွဲပြုလုပ်ခြင်းများ ပြုလုပ်ခဲ့ပြီး ၂၀၂၀ ခုနှစ်၊ဇန်နဝါရီလ ၃ ရက်နေ့တွင် တရားဝင် ဖွဲ့စည်းမှတ်ပုံတင်ခွင့် ရရှိခဲ့ပြီး ယခုအခါအသင်းသားဦးရေ ၁၂၀ ခန့်ရှိလာပြီ ဖြစ်ပါသည်။
Learn More"မြန်မာနိုင်ငံ ကွန်ပြူတာလုပ်ငန်းရှင်များအသင်း - Myanmar Computer Industry Association (MCIA)" နှင့် " မြန်မာနိုင်ငံ ဒီဂျစ်တယ် ပုံနှိပ်နှင့် ဆိုင်းဘုတ်လုပ်ငန်းရှင်များအသင်း - Myanmar Digital Printing & Signage Entrepreneurs Association (MDPSEA)" တို့မှ နားလည်မှု စာချွန်လွှာ Memorandum of Understanding (MOU) ကို လက်မှတ်ရေးထိုးခဲ့ပါသည်။
မြန်မာနိုင်ငံ ဒစ်ဂျစ်တယ် ပုံနှိပ်နှင့် ဆိုင်းဘုတ်လုပ်ငန်းရှင်များအသင်းမှ ကြီးမှူးကျင်းပသော Future of Digital Printing ဟောပြောပွဲနှင့်ပြပွဲကို ၂ဝ၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၃ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ရှိ၊ Myanmar Engineering Council ၌ကျင်းပပြုလုပ်ခဲ့ပါသည် ...
၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့မှ ၁၁ ရက် နေ့အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပသော “Sign Asia Expo” ပြပွဲသို့ မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်ပုံနှိပ်နှင့် ဆိုင်းဘုတ် လုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးမျိုးမင်းဦး၊ဦးမိုးဇော်ဦး၊ အထွေထွေအတွင်းရေးမှူး ဦးသက်လွင်
၂ဝ၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ ၂၂ ရက် နေ့အထိတရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ကွမ်ကျိုးမြို့၌ ကျင်းပပြုလုပ်ခဲ့သော “DPESSign Expo China” ပြပွဲသို့ မြန်မာနိုင်ငံ ဒစ်ဂျစ်တယ် ပုံနှိပ်နှင့်ဆိုင်းဘုတ်လုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးမိုးဇော်ဦး၊ လက်ထောက်ဘဏ္ဍာရေးမှူးဦးမိုးခန့် အောင် ၊ လက်ထောက် စာရင်းစစ် ဦးခင်မောင် အေး၊အလုပ်အမှုဆောင်ဦးကိုကိုလွင်၊ ဦးသက်နိုင် ...