ဥယျောဇဥ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်းရှိဒစ်ဂျစ်တယ်ပုံနှိပ်လုပ်ငန်းရှင်များနှင့်ဆိုင်းဘုတ်လုပ်ငန်းရှင်များ အချင်းချင်းရင်းနှီးစွာပေါင်းသင်းဆက်ဆံရန်၊ ရိုင်းပင်းကူညီရန်နှင့် အတူတကွ ညှိနှိုင်းလုပ်ကိုင်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ မြန်မာနိုင်ငံဒစ်ဂျစ်တယ်ပုံနှိပ် နှင့် ဆိုင်းဘုတ်လုပ်ငန်းရှင်များအသင်းတည်ထောင်နိုင်ရန်အတွက် ၂၀၁၆ ခုနှစ်မှစတင်၍ ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။

၂၀၁၉ ခုနှစ်၊ မေလ ၁၂ ရက်နေ့ အသင်း၏ သင်းဖွဲ့မှတ်တမ်း၊ သင်းဖွဲ့စည်းမျဥ်းကို အတည်ပြုခြင်း၊ အလုပ်အမှုဆောင်စာရင်းကို အတည်ပြုခြင်း၊ ဗဟိုအလုပ်အမှုဆောင်ရွေးချယ်ပွဲပြုလုပ်ခြင်းများ ပြုလုပ်ခဲ့ပြီး ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့တွင် တရားဝင် ဖွဲ့စည်းမှတ်ပုံတင်ခွင့် ရရှိခဲ့ပြီး ယခုအခါ အသင်းသားဦးရေ ၁၂၀ ခန့်ရှိလာပြီ ဖြစ်ပါသည်။

၂၀၁၉ ခုနှစ်တွင်အသင်း၏ ရုံးခန်းနေရာကို Yangon Innovation Center ၌ ငှားရမ်းဖွင့်လှစ်ထားခဲ့ပြီး ၂၀၂၀၊ ၂၀၂၁ ခုနှစ်တွင် ဖြစ်ပွားခဲ့သော Covid-19 ရောဂါအခြေအနေများကြောင့် အသင်း၏ လှုပ်ရှားဆောင်ရွက် မှုများ ခေတ္တရပ်နားခဲ့ရပါသည်။ ထို့ကြောင့် အသုံးစရိတ်ချွေတာသောအားဖြင့် Yangon Innovation Center ၌ ဖွင့်လှစ်ထားသော အသင်း၏ရုံးခန်းကို ပြန်လည်အပ်နှံခဲ့ပြီး အသင်းအစည်းအဝေးများကို အလုပ်အမှုဆောင်များ ၏ ရုံးနေရာများနှင့် စားသောက်ဆိုင်များတွင် ပြုလုပ်ခဲ့ပါသည်။

အစီရင်ခံသည်ကာလအတွင်း အသင်းမှကြီးမှူး၍ ဟောပြောပွဲများ၊ ပြပွဲများကျင်းပနိုင်ခဲ့ပြီး ထိုင်းနိုင်ငံ နှင့် တရုတ်နိုင်ငံတို့၌ ကျင်းပသော ပြပွဲများသို့လည်း လေ့လာရေးခရီးစေလွှတ်ပေးခဲ့ပါသည်။ ဆက်လက်၍ လည်း ရှေ့လုပ်ငန်းစဥ်များချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အသင်းအနေ ဖြင့် အသင်းဝင်များအတွက် မားမားမတ်မတ်ရပ်တည်ပြီး၊ ဒစ်ဂျစ်တယ်ပုံနှိပ်နှင့် ဆိုင်းဘုတ်လုပ်ငန်းများပိုမို ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

မိမိတို့ မြန်မာနိုင်ငံ ဒစ်ဂျစ်တယ် ပုံနှိပ်နှင့် ဆိုင်းဘုတ်လုပ်ငန်းရှင်များအသင်း၏ ရည်ရွယ်ချက်များ၊ ရှေ့လုပ်ငန်းစဥ်များ အစဥ်ရှင်သန်စေရန်အတွက် အသင်းဝင်များ၊ အလုပ်အမှုဆောင်များ၊ ဗဟိုအလုပ်အမှုဆောင် များ၊ စီမံခန့်ခွဲရေးအဖွဲ့ဝင်များမှ တက်ညီလက်ညီ ညှိနှိုင်းတိုင်ပင်၍ လက်ဆင့်ကမ်းတာဝန်များ အလှည့်ကျ ဆောင်ရွက်ကြပြီး အသင်းကြီးပိုမိုတိုးတက်အောင်မြင်ပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

အသင်း၏ရည်ရွယ်ချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်းရှိ ဒစ်ဂျစ်တယ်ပုံနှိပ် လုပ်ငန်းရှင်များနှင့် ဆိုင်းဘုတ် လုပ်ငန်းရှင်များအသင်းတို့နှင့် ဆက်နွယ်လျက်ရှိသော လုပ်ငန်းရှင်များအချင်းချင်း .. မိသားစု စိတ်ဓါတ်ဖြင့် ရင်းနှီးစွာပေါင်းသင်းဆက်ဆံရန်၊ ရိုင်းပင်းကူညီရန်နှင့် အတူတကွ ညှိနှိုင်း လုပ်ကိုင် ဆောင်ရွက်ရန်။

01.

ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း၌ မည်သည့်နေရာတွင်မဆို အသင်းအဖွဲ့စည်းမျဥ်းနှင့် အညီဖွဲ့စည်းထားသော ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် အသင်းများဖွင့်လှစ်သည့်အခါ ကူညီဆောင်ရွက်ပေးရန်နှင့် အတူတကွ ညှိနှိုင်းဆောင်ရွက်နိုင်ရန်။

02.

ဒစ်ဂျစ်တယ်ပုံနှိပ်လုပ်ငန်းနှင့်ဆိုင်းဘုတ်လုပ်ငန်းများ ယင်းတို့နှင့်စပ်နွယ်လျက်ရှိသော လုပ်ငန်း များ၏ကုန်ထုတ်စွမ်းအားများနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မြင့်မားလာရေးကို ရှေ့ရှုဆောင်ရွက်ရန်။

03.

အသင်းဝင်အချင်းချင်း လုပ်ငန်းကိစ္စအငြင်းပွားမှုများကို ကူညီညှိနှိုင်းဖြေရှင်းပေးရန်။

04.

အထက်ပါရည်ရွယ်ချက်အားလုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းနှင့်ဖြစ်စေ ဆက်စပ်လျှက်ရှိသည့် (သို့မဟုတ်) ယင်းတို့ကို အထောက်အပံ့ဖြစ်စေပြီး အသင်း၏ တိုးတက်ရာတိုးတက်ကြောင်း ဖြစ်စေသော အခြားကိစ္စအားလုံးကို အလုပ်အမှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်အရ ဆောင်ရွက်ရန်။

ရှေ့လုပ်ငန်းစဥ်များ

မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်ပုံနှိပ်နှင့် ဆိုင်းဘုတ်လုပ်ငန်းရှင်များအသင်းအနေဖြင့် ဒစ်ဂျစ်တယ်ပုံနှိပ်နှင့် ဆိုင်းဘုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ချက်ဖြင့် အောက်ဖော်ပြပါလုပ်ငန်းစဥ်များကို ရှေ့လုပ်ငန်းစဥ်များချမှတ်၍ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အသင်းသားများ အကျိုးရှိစေမည့် လုပ်ငန်းဆောင်တာအစီအစဥ်များ (နည်းပညာသစ်ဖြန့်ဖြူးရေး၊ ပြည်ပ ခရီးစဥ်ရေးဆွဲရေး၊ ပြည်တွင်းစက်ရုံများလေ့လာရေးခရီးစဥ်များ အစရှိသဖြင့်)ကိုအမြန်အကောင် အထည်ဖော် ဆောင်ရွက်ရန်။

နည်းပညာပို့ချမှုများအတွက် အထက်မြန်မာပြည်တွင် (တစ်ကြိမ်)၊ အောက်မြန်မာပြည်တွင် (တစ်ကြိမ်) ပြုလုပ်ပြီး ဗဟိုအလုပ်အမှုဆောင်များ အလှည့်ကျပါဝင်ဆောင်ရွက်ရန်။

အသင်းသားများအချင်းချင်း ပညာပေးနှီးနောဖလှယ်ပွဲများ၊ ဆွေးနွေးပွဲများကို အခါအားလျော်စွာ ကျင်းပပေးရန်။

တတ်သိနားလည်သည့် ကျွမ်းကျင်ပညာရှင်းများကို ဖိတ်ကြား၍ သင်တန်းများစိစဥ်ခြင်း၊ လုပ်ငန်းနှင့် ပတ်သက်သော ခေတ်မီပညာရပ်များ ပြန့်ပွားရေးကို ဆောင်ရွက်ပေးရန်။

"တတိယအကြိမ်" နှစ်ပတ်လည် စုံညီအစည်းအဝေးနှင့် အလုပ်အမှုဆောင်သစ်ရွေးချယ်ပွဲ

ကျင်းပသည့်နေ့ - ၅.၇.၂၀၂၅(စနေနေ့)
ကျင်းပချိန် - နံနက် (၉:၃၀) မှ (၁၂:၅၀) ထိ
ကျင်းပသည့်နေရာ - Wyndham Grand Hotel-Royal Lake View Room

အမှုဆောင်အဖွဲ့သစ် ဖွဲ့စည်းပုံအမည်စာရင်း
ဦးကျော်စံ
(ဥက္ကဌ)
ဦးမျိုးမင်းဦး
(ဒုဥက္ကဌ-၁)
ဦးမိုးဇော်ဦး
(ဒုဥက္ကဌ-၂)
ဦးသက်လွင်ရွှေ
(အတွင်းရေးမှူး)
ဦးအောင်ကျော်ကျော်
(တွဲဘက်အတွင်းရေးမှူး-၁)
ဦးကျော်မျိုးလှိုင်
(တွဲဘက်အတွင်းရေးမှူး-၁)
ဦးထွန်းထွန်းသာ
(ဘဏ္ဍာရေးမှူး)
ဦးသက်ထွန်းစံ
(တွဲဘက်ဘဏ္ဍာရေးမှူး)
ဦးအောင်ကျော်မိုး
(စာရင်းစစ်)
ဦးခင်မောင်အေး
(တွဲဘက်စာရင်းစစ်)
ဦးကျော်ကျော်
(ပြန်ကြားရေးမှူး)
ဦးဇော်မင်းထွန်း(ခ)ဦးမင်းမင်း
(တွဲဘက်ပြန်ကြားရေးမှူး)
ဦးရဲမင်းထွန်း
(စည်းရုံးရေးမှူး)
ဦးကြည်စိုးလှိုင်
(အမှုဆောင်အဖွဲ့ဝင်)
ဦးခင်မောင်ခိုင်(ခ)ဦးပေါက်
(အမှုဆောင်အဖွဲ့ဝင်)
ဦးကိုကိုလွင်
(အမှုဆောင်အဖွဲ့ဝင်)
ဦးမျိုးမြင့်ကျော်
(အမှုဆောင်အဖွဲ့ဝင်)
ဦးမြလှိုင်ဘွား
(အမှုဆောင်အဖွဲ့ဝင်)
ဦးသက်နိုင်ဝင်း(ခ)ဦးညီထွေး
(အမှုဆောင်အဖွဲ့ဝင်)
ဦးဝေနှင်းမောင်
(အမှုဆောင်အဖွဲ့ဝင်)
ဦးသန်းတင်
(အမှုဆောင်အဖွဲ့ဝင်)
ဒေါ်ခြူးသက်ထားစံ
(အမှုဆောင်အဖွဲ့ဝင်)
ဦးကျော်‌ကျော်စိုး
(အမှုဆောင်အဖွဲ့ဝင်)
ဦးစိုးမြင့်ဦး
(အမှုဆောင်အဖွဲ့ဝင်)
ဦးမိုးခန့်အောင်
(အမှုဆောင်အဖွဲ့ဝင်)
ဒေါ်ဇာခြည်မင်းဝေ
(အမှုဆောင်အဖွဲ့ဝင်)
ဦးမင်းမင်းစိုး
(အမှုဆောင်အဖွဲ့ဝင်)
ဦးအောင်ကျော်တင်
(အရံအမှုဆောင်)
ဦးအောင်သိန်းလွင်
(အရံအမှုဆောင်)
ဦးနေမျိုးအောင်
(အရံအမှုဆောင်)
ဦးမျိုးမင်းဦး
(ဥက္ကဌ)
ဦးမိုးဇော်ဦး
ဒုတိယဥက္ကဋ္ဌ(၁)
ဦးအောင်ကျော်မိုး
ဒုတိယဥက္ကဋ္ဌ(၂)
ဦးအောင်ကျော်ကျော်
အတွင်းရေးမှူး
ဦးကျော်မျိုးလှိုင်
တွဲဘက်အတွင်းရေးမှူး (၁)
ဦးရဲမင်းထွန်း
တွဲဘက်အတွင်းရေးမှူး (၂)
ဦးထွန်းထွန်းသာ
ဘဏ္ဍာရေးမှူး
ဦးကိုကိုလွင်
တွဲဘက်ဘဏ္ဍာရေးမှူး
ဦးသက်ထွန်းစံ
စာရင်းစစ်
ဦးကျော်ကျော်
ပြန်ကြားရေးမှူး
ဦးဝေနှင်းမောင်
စည်းရုံးရေးမှူး
ဦးအောင်သိန်းလွင်
အလုပ်အမှုဆောင်
ဦးကြည်စိုးလှိုင်
အလုပ်အမှုဆောင်
ဦးသီဟဇော်
အလုပ်အမှုဆောင်
ဦးမိုးခန့်အောင်
အလုပ်အမှုဆောင်
ဦးအောင်ကျော်ခန့်
အလုပ်အမှုဆောင်
ဦးနေမျိုးအောင်
အလုပ်အမှုဆောင်
ဒေါ်ဝါဝါလင်းဇံ
အလုပ်အမှုဆောင်
ဒေါ်ဇာခြည်မင်းဝေ
အလုပ်အမှုဆောင်
ဦးမျိုးမြင့်ကျော်
အလုပ်အမှုဆောင်
ဦးသက်နိုင်ဝင်း
အလုပ်အမှုဆောင်
ဦးဇော်မင်းထွန်း
အရံအလုပ်အမှုဆောင်
ဒေါ်အေးအေးမိုး
အရံအလုပ်အမှုဆောင်

အသင်း၏ လှုပ်ရှားဆောင်ရွက်မှုများ

အလုပ်အမှုဆောင်အစည်းအဝေးများကျင်းပခြင်း

မြန်မာနိုင်ငံ ဒစ်ဂျစ်တယ် ပုံနှိပ်နှင့် ဆိုင်းဘုတ်လုပ်ငန်းရှင်များအသင်း၏ ဗဟိုအလုပ်အမှုဆောင်၊ အလုပ် အမှုဆောင်အစည်းအဝေးကို အခါအားေလျာ်စွာကျင်းပခဲ့ပါသည်။ ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ဗဟို အလုပ်အမှုဆောင်အစည်းအဝေး ၁၇ ကြိမ်နှင့် အလုပ်အမှုဆောင်အစည်းအဝေး ၃ ကြိမ် ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။

ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးများ

စဥ် ရက်စွဲ ကျင်းပသည့်နေရာ တက်ရောက်သူများ
၃.၆.၂၀၂၅ Yoon Kitchen ဗဟိုအလုပ်အမှုဆောင်များ
၆.၅.၂၀၂၅ Yoon Kitchen ဗဟိုအလုပ်အမှုဆောင်များ
၁၇.၃.၂၀၂၅ Virtual Meeting ဗဟိုအလုပ်အမှုဆောင်များ
၄.၃.၂၀၂၅ Virtual Meeting ဗဟိုအလုပ်အမှုဆောင်များ
၆.၂.၂၀၂၅ Pinlon House ဗဟိုအလုပ်အမှုဆောင်များ
၂၄.၁.၂၀၂၅ Yoon Kitchen ဗဟိုအလုပ်အမှုဆောင်များ
၆.၁၂.၂၀၂၄ Yoon Kitchen ဗဟိုအလုပ်အမှုဆောင်များ
၆.၇.၂၀၂၄ Virtual Meeting ဗဟိုအလုပ်အမှုဆောင်နှင့် အလုပ်အမှုဆောင်များ
၁၈.၆.၂၀၂၄ Virtual Meeting ဗဟိုအလုပ်အမှုဆောင်များ
၁၀ ၁၄.၅.၂၀၂၄ Yoon Kitchen ဗဟိုအလုပ်အမှုဆောင်များ
၁၁ ၄.၅.၂၀၂၄ Royal Garden Restaurant ဗဟိုအလုပ်အမှုဆောင်များ
၁၂ ၈.၁.၂၀၂၄ Virtual Meeting ဗဟိုအလုပ်အမှုဆောင်နှင့် အလုပ်အမှုဆောင်များ
၁၃ ၂.၁၂.၂၀၂၃ Virtual Meeting ဗဟိုအလုပ်အမှုဆောင်များ နှင့် အလုပ်အမှုဆောင်များ
၁၄ ၄.၁၁.၂၀၂၃ Virtual Meeting ဗဟိုအလုပ်အမှုဆောင်များ နှင့် အလုပ်အမှုဆောင်များ
၁၅ ၁၄.၁၀.၂၀၂၃ Virtual Meeting ဗဟိုအလုပ်အမှုဆောင်များ နှင့် အလုပ်အမှုဆောင်များ
၁၆ ၉.၉.၂၀၂၃ Virtual Meeting ဗဟိုအလုပ်အမှုဆောင်များ နှင့် အလုပ်အမှုဆောင်များ
၁၇ ၁၉.၈.၂၀၂၃ Royal Garden Resturant ဗဟိုအလုပ်အမှုဆောင်များ
၁၈ ၅.၈.၂၀၂၃ Royal Garden Resturant ဗဟိုအလုပ်အမှုဆောင်များ
၁၉ ၁၄.၅.၂၀၂၃ သုံးပန်လှ လက်ဖက်ရည်ဆိုင် ဗဟိုအလုပ်အမှုဆောင်များ
၂၀ ၈.၄.၂၀၂၃ အိမ်ဝိုင်းကြီးစားသောက်ဆိုင် ဗဟိုအလုပ်အမှုဆောင်များ
၂၁ ၁၉.၃.၂၀၂၃ Virtual Meeting ဗဟိုအလုပ်အမှုဆောင်များ နှင့် အလုပ်အမှုဆောင်များ
၂၂ ၄.၃.၂၀၂၃ အိမ်ဝိုင်းကြီးစားသောက်ဆိုင် ဗဟိုအလုပ်အမှုဆောင်များ
၂၃ ၇.၁.၂၀၂၃ အိမ်ဝိုင်းကြီးစားသောက်ဆိုင် ဗဟိုအလုပ်အမှုဆောင်များ
၂၄ ၂၄.၂၀၂၂ အိမ်ဝိုင်းကြီးစားသောက်ဆိုင် ဗဟိုအလုပ်အမှုဆောင်များ
၂၅ ၂၇.၁၁.၂၀၂၂ အိမ်ဝိုင်းကြီးစားသောက်ဆိုင် ဗဟိုအလုပ်အမှုဆောင်များ
၂၆ ၃.၃.၂၀၂၀ "Seed Star" Yangon Innovation Center ဗဟိုအလုပ်အမှုဆောင်များ
၂၇ ၂၈.၂.၂၀၂၀ "Seed Star" Yangon Innovation Center ဗဟိုအလုပ်အမှုဆောင်များ
၂၈ ၂၅.၂.၂၀၂၀ Foodfare Cafe ဗဟိုအလုပ်အမှုဆောင်များ
၂၉ ၂.၂.၂၀၂၀ Foodfare Cafe ဗဟိုအလုပ်အမှုဆောင်များ

အလုပ်အမှုဆောင်အစည်းအဝေးများ

စဥ် ရက်စွဲ ကျင်းပသည့်နေရာ တက်ရောက်သူများ
၁၉.၆.၂၀၂၅ Pauk C City Cafe အလုပ်အမှုဆောင်များ
၂၈.၅.၂၀၂၅ Mat khayar Tea Room အလုပ်အမှုဆောင်များ
၁၆.၃.၂၀၂၅ Unique Mandalay အလုပ်အမှုဆောင်များ
၁၂.၂.၂၀၂၅ Unique Mandalay အလုပ်အမှုဆောင်များ
၁၆.၁.၂၀၂၅ Unique Mandalay အလုပ်အမှုဆောင်များ
၁၇.၆.၂၀၂၄ Classic City Cafe အလုပ်အမှုဆောင်များ
၂၇.၅.၂၀၂၄ Classic City Cafe အလုပ်အမှုဆောင်များ
၅.၈.၂၀၂၃ Royal Mandalay Resturant အလုပ်အမှုဆောင်များ
၄.၂.၂၀၂၃ Royal Mandalay Resturant အလုပ်အမှုဆောင်များ
၁၀ ၁၂.၅.၂၀၁၉ Royal Mandalay Resturant အလုပ်အမှုဆောင်များ