ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်းရှိဒစ်ဂျစ်တယ်ပုံနှိပ်လုပ်ငန်းရှင်များနှင့်ဆိုင်းဘုတ်လုပ်ငန်းရှင်များအချင်းချင်းရင်းနှီးစွာပေါင်းသင်းဆက်ဆံရန်ရိုင်းပင်းကူညီရန်နှင့်အတူတကွညှိနှိုင်းလုပ်ကိုင်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍မြန်မာနိုင်ငံဒစ်ဂျစ်တယ်ပုံနှိပ်နှင့်ဆိုင်းဘုတ်လုပ်ငန်းရှင်များအသင်းတည်ထောင်နိုင်ရန် အတွက် ၂၀၁၆ ခုနှစ်မှစတင်၍ ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။
၂၀၁၉ ခုနှစ်၊ မေလ ၁၂ ရက်နေ့ အသင်း၏ သင်းဖွဲ့မှတ်တမ်း၊သင်းဖွဲ့စည်းမျဉ်းကို အတည်ပြုခြင်း၊ အလုပ်အမှုဆောင်စာရင်းကို အတည်ပြုခြင်း၊ဗဟိုအလုပ်အမှုဆောင်ရွေးချယ်ပွဲပြုလုပ်ခြင်းများ ပြုလုပ်ခဲ့ပြီး ၂၀၂၀ ခုနှစ်၊ဇန်နဝါရီလ ၃ ရက်နေ့တွင် တရားဝင် ဖွဲ့စည်းမှတ်ပုံတင်ခွင့် ရရှိခဲ့ပြီး ယခုအခါအသင်းသားဦးရေ ၁၂၀ ခန့်ရှိလာပြီ ဖြစ်ပါသည်။
Learn More
"MDPSEA" အသင်း၏ ဇန်နဝါရီလ (၇/၂၀၂၆) ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ လစဥ်ပုံမှန်အစည်းအဝေးကို (၆.၁.၂၀၂၆)ရက်နေ့၊ နံနက် (၈း၃၀)နာရီ "Yoon Kitchen"တွင် ကျင်းပပြုလုပ်ခဲ့ကြပါသည်။ အသင်းNetworking Eventကိစ္စဆောင်ရွက်မည့်အစီအစဥ်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ဝိုင်းဝန်း ဆွေးနွေးအတည်ပြုခဲ့ကြပါသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက် (စနေနေ့)၊နံနက် (၅း၃၀) နာရီတွင် မိတ်ဖက်အသင်းဖြစ်သော မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်း(MCIA)မှ ကြီးမှူး ကျင်းပပြုလုပ်သည့်“MCIA Walk 2025” လမ်းလျှောက်ပွဲအား MDPSEAအသင်း အလုပ်အမှုဆောင်အဖွဲ့ဝင်များမှ ပူးပေါင်းပါဝင် ဆင်နွှဲခဲ့ပါသည်။ မိတ်ဖက်အဖွဲ့အစည်းများအကြား ပိုမိုခင်မင်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှုနှင့်အားကစားနှင့် ကျန်းမာရေးဆိုင်ရာ လှုပ်ရှားမှုများတွင် အတူတကွ ပူးပေါင်းပါဝင်ခြင်းဖြင့် ကျွန်ုပ်တို့၏ အသင်းအဖွဲ့များအကြား ခိုင်မာသော ဆက်ဆံရေးကို ပိုမိုတည်ဆောက်နိုင်စေရန်ရည်ရွယ်ချက်ဖြင့် တက်ကြွစွာ ပါဝင်ခဲ့ပါသည်။
ဒီဇင်ဘာလ (၁၄)ရက် (တနင်္ဂနွေနေ့)မန္တလေးမြို့၊ibis Style Hotel တွင် နေ့လည် (၁)နာရီမှ (၄) နာရီအထိ Networking Eventပွဲ ကို ကျင်းပပြုလုပ်မည့် "AI in Printing & Signage: Enhancing Creativity and Efficiency"ခေါင်းစဥ်ဖြင့် Dr.Kyaw Phyo Lin- Secretary, Myanmar Computer Industry Association (Yangon Region) မှ ဟောပြော ဆွေးနွေးပေးသွားမှာဖြစ်ပါသဖြင့် အသင်းဝင် လူကြီးမင်းများအားလုံး ပါဝင်တက်ရောက်ပေးပါရန် လေးစားစွာ ဖြင့် ဖိတ်ကြားအပ်ပါသည်။